ကျိုင်းတောင်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်တောင်းပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ကျောင်းရှေ့ ဘောလုံးကွင်းတွင် ယမန်နေ့ နေ့လယ် (၂) နာရီ၌ မြို့အုပ်ချုပ်ရေးမှူး ဉီးမျိုးသက်နိုင်မှ ဉီးဆောင်၍ မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခန်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲကို အ.ထ.က (တုန်ဟုန်း) မှ ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများမှ အားကစားအကများဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပြီး ဘောလုံးဖွင့်ပွဲ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်ပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုကို(ပြန်/ဆက်)