ရွှေတောင် ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဧရာဝတီမြစ်ရေ (၈၇.၃) ပေမြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအချို့နေရာများအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် သရက်တောရပ်ကွက်အတွင်းရှိ အိမ်ခြေ (၆၃) အိမ်၊ အိမ်ထောင်စု (၆၃) စုရှိ ကျား (၇၅) ဦး၊ မ (၁၀၁)ဦး၊ ယွန်းတန်းရပ်ကွက်အတွင်းရှိ အိမ်ခြေ (၉၉) အိမ်၊ အိမ်ထောင်စု (၉၉) စုရှိ ကျား (၁၆၄) ဦး၊ မ (၁၉၃) ဦး၊ ကြာနီကန်ရပ်ကွက် အတွင်းရှိအိမ်ခြေ (၃၂) အိမ်၊ အိမ်ထောင်စု (၃၄) စုရှိ ကျား (၅၈) ဦး၊ မ (၆၅)ဦး၊ ရှားပင်ကုန်းကျေးရွာအုပ်စုအတွင်းရှိအိမ်ခြေ (၁၉၉) အိမ်၊ အိမ်ထောင်စု (၁၉၉) စုရှိ ကျား (၃၂၄) ဦး၊ မ (၃၂၉)ဦး ၊ မင်းတဲကျွန်းကျေးရွာကျေးရွာအုပ်စုအတွင်းရှိအိမ်ခြေ (၁၃) အိမ်၊အိမ်ထောင်စု (၁၄) စုရှိ ကျား (၂၂) ဦး၊ မ (၁၈)ဦး၊ ရွှေတောင်မြို့နယ်အတွင်း စုစုပေါင်းအိမ်ခြေ (၅၀၇) အိမ်၊ အိမ်ထောင်စု (၅၁၂ စုရှိ ကျား (၈၀၁) ဦး၊ မ (၈၉၄)ဦး၊ စုစုပေါင်းလူဦးရေ (၁၆၉၅) ဦး နေအိမ်တို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေတို့၏ သောက်သုံးရေ၊ စားဝတ်နေရေးအဆင်ပြေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)