သတင်းများ

ကြံခင်းမြို့တွင် ပညာရေးဝန်ထမ်းများအား Biographc Data နှင့် Biometric Data ကောက်ယူခြင်း ဆက်လက်ဆောင်ရွက်
Jul 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီ အချိန်ကကြံခင်းမြို့၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ဝါးခယ်မမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား ကွင်းဆင်းစစ်ဆေး
Jul 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြော နံရံကပ်စာစောင်များပြသ
Jul 26,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၈ နာရီ အချိန်က အခြေခံပညာ မူလတန်းလွန်ကျောင်း ( အောင်မေတ္တာ ) ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
ဟင်္သာတတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဥ် (၁/၂၀၂၃) ဖွင့်လှစ်ပို့ချ
Jul 26,2023
 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ ဘွဲ့နှင်းသင်ခန်းမ၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဥ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်၊ ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာဒေါ်ဆွေဆွေယု၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကြည်အောင်၊ တိုင်းဒေသကြီးအတွင်းမှ ကြက်ခြေနီအသင်းတာဝန်ရှိသူများ၊နည်းပြဆရာများ၊ဟင်္သာတ တက္ကသိုလ်ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၅၀) ဦးတက်ရောက်ခဲ့​သည်။
ဘိုကလေးမြို့နယ်ရှိ သဒ္ဓမ္မပါလဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ လှူဒါန်း
Jul 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အမှတ်(၁၀)ရပ်ကွက်တွင် ဖွင့်လှစ်တည်ထောင်ထားသော သဒ္ဓမ္မပါလဘုန်းတော်ကြီးသင် မူလတန်းကျောင်းသို့ ယနေ့နံနက်(၁၀)နာရီတွင် ဘိုကလေးမြို့နယ်၊ ဆင်ကွင်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ဦးဆောင်ဆရာတော်ဦးကေသရမှ စာရေးကိရိယာများနှင့် ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ လှူဒါန်းပေးခဲ့သည်။
ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးတွင် လုပ်ငန်းခွင် ပြင်ပထိခိုက်ဒဏ်ရာရသူအတွက် အကျိုးခံစားခွင့် ထုတ်ပေး
Jul 26,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ဩ လုပ်ငန်းခွင်ပြင်ပထိခိုက်ဒဏ်ရာရသူအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
ဇမ္ဗူသီရိမြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီ သူနာပြုတပ်ဖွဲ့တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Jul 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌  မြန်မာနိုင်ငံကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ ကျင်းပခဲ့သည်။
မြောက်ဦးခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 26,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌  ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။