ဘိုကလေးမြို့နယ်ရှိ သဒ္ဓမ္မပါလဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ လှူဒါန်း

ဘိုကလေး ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အမှတ်(၁၀)ရပ်ကွက်တွင် ဖွင့်လှစ်တည်ထောင်ထားသော သဒ္ဓမ္မပါလဘုန်းတော်ကြီးသင် မူလတန်းကျောင်းသို့ ယနေ့နံနက်(၁၀)နာရီတွင် ဘိုကလေးမြို့နယ်၊ ဆင်ကွင်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ဦးဆောင်ဆရာတော်ဦးကေသရမှ စာရေးကိရိယာများနှင့် ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ လှူဒါန်းပေးခဲ့သည်။

လှူဒါန်းရာတွင် သဒ္ဓမ္မပါလဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှ ကျောင်းသား/သူများ အတွက် ဗလာစာအုပ်(၄၁)ဒါဇင်၊ ခဲတံဘူး(၂၄)ဘူးနှင့် ကျောင်းဝတ်စုံ (၈၅)စုံ လှူဒါန်းပေးခဲ့သည်။

သဒ္ဓမ္မပါလဘုန်းတော်ကြီးသင် မူလတန်းကျောင်းသည် နွမ်းပါးကလေးငယ်များ ပညာမဝေးဖို့ရာအတွက် ဘိုကလေးမြို့၊ အမှတ် (၈) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ သဒ္ဓမ္မပါလ ဇောတိကာရုံကျောင်းတိုက်၏ သဒ္ဓမ္မပါလ ပရဟိတဖောင်ဒေးရှင်းမှ ယခုစာသင်နှစ်မှစတင်ကာ တည်ထောင်ဖွင့်လှစ်ထားခဲ့သောကျောင်းဖြစ်ပြီး ယခုလက်ရှိတွင် ပညာသင်ကြားနေသော မူလတန်း ကျောင်းသား/သူကလေးငယ် (၈၅) ဦးရှိကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)