သတင်းများ

ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပ ဆွေးနွေး
Jul 26,2023
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ခင်စောတင့်ရေးသားသည့် "ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်" စာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
မအီမြို့တွင် ရာသီပေါ် ဒေသထွက်ဒညင်းသီးများ ဈေးကောင်းရရှိ
Jul 26,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှထွက်ရှိသည့် ရာသီပေါ်ဒေသထွက် ဒညင်းသီးများမှာ ရှားပါးလာချိန်ဖြစ်၍ ဒညင်းခြံ ပိုင်ရှင်များနှင့် ရောင်းချသူများမှာ ဈေးကောင်းရရှိ၍ အပိုဝင်ငွေရရှိကြောင်း ဒညင်းသီး ကုန်သည်များမှ သိရသည်။
တောင်သာမြို့နယ်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းအတွက် သွင်းအားစုများ ပံ့ပိုးပေးအပ်ခြင်း
Jul 26,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၅ရက်နေ့က တောင်သာ မြို့နယ်၊ ဆင်ဖြူကျေးရွာ၌ ကျင်းပသည်။
ညောင်ဦးမြို့နယ်၌ အဌမအကြိမ်မြောက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လှူဖွယ်ပစ္စည်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း
Jul 26,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ညောင်ဦးခရိုင်အတွင်း သီတင်းသုံးနေထိုင်လျှက်ရှိသည့် သံပျင်မင်းသမီးသီလရှင်စာသင်တိုက်နှင့် ဓမ္မဝတီ သီလရှင်စာသင်တိုက်တို့တွင် စာသင်စာချ သာသနာနွယ်ဝင် သီလရှင် ဆရာကြီး ဆရာလေးများ ဆွမ်း၊ ကွမ်း ဝေယျာဝစ္စ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ဇူလိုင် ၂၆ ရက်၊ နံနက် ၉နာ ရီအချိန်က ဓမ္မဝတီစာသင်တိုက်ရှိ သုဓမ္မဓမ္မာရုံတွင် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးရာသီဆီထွက်သီးနှံမျိုးစုံ (၄၀၆၃) ဧက စိုက်ပျိုးပြီးဖြစ်
Jul 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံ စေရေး ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီဆီထွက်သီးနှံမျိုးစုံ (၇၄၈၀) ဧက လျာထား စိုက်ပျိုးလျက်ရှိရာ (၄၀၆၃) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိပြီး‌ ဈေးနှုန်းအနည်းငယ်ကျဆင်း
Jul 26,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးဒေသသည်  တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူအများစုမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော ကွမ်းရွက်၊ ကွမ်းသီး၊ မင်းကွတ်သီး၊ ဒညှင်းသီး၊ ဖာလာ၊ ကော်ဖီ စသည်တို့ကို အဓိကလုပ်ကိုင်လျက်ရှိရာ  ဒူးရင်းသီး စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်၍ ယခုဇူလိုင်လ နောက်ဆုံးပတ်တွင် ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိသည့်အတွက် ဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
Jul 26,2023
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၄) ခရိုင် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
ရသေ့တောင်မြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ် ပေါ်စေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
Jul 26,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ရ‌သေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ နေအိမ်များသို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။