ဇမ္ဗူသီရိ ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပိုင်းအလုပ်မှုဆောင်၊ မြန်မာနိုင်ငံကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုတို့က အသီးသီး အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ခွဲ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦးက ခရိုင်၊ မြို့နယ်တပ်ဖွဲ့မှူးများနှင့် တစ်ဦးခြင်းမိတ်ဆက်ပေးကာ နေပြည်တော်အတွင်း ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူးချုပ်နှင့် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)