ဟင်္သာတတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဥ် (၁/၂၀၂၃) ဖွင့်လှစ်ပို့ချ

ဟင်္သာတ ဇူလိုင် ၂၆

 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ ဘွဲ့နှင်းသင်ခန်းမ၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဥ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်၊ ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာဒေါ်ဆွေဆွေယု၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကြည်အောင်၊ တိုင်းဒေသကြီးအတွင်းမှ ကြက်ခြေနီအသင်းတာဝန်ရှိသူများ၊နည်းပြဆရာများ၊ဟင်္သာတ တက္ကသိုလ်ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၅၀) ဦးတက်ရောက်ခဲ့​သည်။

 ဖွင့်ပွဲအခမ်းအနားတွင် ဟင်္သာတတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်အောင်မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖွဲ့စည်းထားရှိမှုများ သင်ကြားပို့ချသွားမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအား နည်းပြများအဖြစ် ဟင်္သာတခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမိုးမြင့်ခိုင်၊ ဟင်္သာတမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦး၊ ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲနည်းပြ ဦးနေဝင်း၊ ဒေးဒရဲမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦး နေဝင်းအောင်တို့မှ ၂၆.၇.၂၀၂၃ ရက်နေ့မှ ၃၁.၇.၂၀၂၃ ရက်နေ့အထိ (၆)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး ဟင်္သာတ တက္ကသိုလ်မှ ကျောင်းသား၊ကျောင်း၊သူ (၃၀၉)ဦးမှ သင်တန်းသားများအဖြစ် တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)