မြောက်ဦး ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က မြောက်ဦးခရိုင်အတွင်း လိုအပ်သောနေရာများတွင် လမ်းအချက်ပြ သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ အရေးယူဆောင်ရွက်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အာလုံးပူးပေါင်း ဆောင်ရွက် ကြရန် မှာကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့ အဖွဲ့ဝင်များက မြောက်ဦးခရိုင်အတွင်း ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်နေမှုများကို တင်ပြကြရာ ခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဖြိုးမောင်မောင်