သတင်းများ

နတ်မောက်မြို့၌ မြို့မကွက်သစ်ရပ်ကွက်ရှိ ရှင်အရဟံလမ်းအား ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း (၃၀.၀၀)ဖြင့် ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်
Jul 26,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြို့မကွက်သစ်ရပ်ကွက်ရှိ ရှင်အရဟံလမ်း ကွန်ကရစ် လမ်းအရှည်ပေ (၆၉၀)ပေအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့်
ပူတာအိုခရိုင်၌ ပေါင်းနှင့်ကြွက်ကာကွယ်နှိမ်နှင်းရေး TOT ဆင့်ပွားသင်တန်းဖွင့်
Jul 26,2023
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စိုက်ပျိုးရေးဦးစီး ဌာန၏ကြီးကြပ်မှုဖြင့် တောင်သူများစနစ်တကျ ပေါင်းကာကွယ်နှိမ်နှင်းနည်းစနစ် သိရှိကျင့်သုံးတတ်စေရန်၊ သီးနှံပင်သက်တမ်းတစ်လျောက် ကြွက်ဖျက်စီးမှုအန္တရာယ် ကြိုတင်ကာကွယ်တတ်စေရန်နှင့် ကြွက်ကျရောက် ဖျက်စီးမှုရှိပါက နှိမ်နှင်းနည်းစနစ်များ သိရှိလိုက်နာကျင့်သုံးတတ်စေခြင်းအားဖြင့် သီးနှံဖျက်စီးမှုနှင့်သီးနှံ အထွက်နှုန်းထိခိုက်မှု အတတ်နိုင်ဆုံးလျော့နည်းစေခြင်းအားဖြင့် တောင်သူ၏အကျိုးစီးပွားအားထိခိုက်မှု မဖြစ်ပေါ်စေရေးအတွက် ပေါင်းနှင့်ကြွက်ကာကွယ်နှိမ်နှင်းရေး TOT ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် (၂၆) ရက် နံနက် (၉) နာရီခွဲက အဆိုပါရုံးအစည်းအဝေး ခန်းမ၌ကျင်းပသည်။
ကြံခင်းမြို့တွင် မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့မှဝါတွင်းကာလဆရာလေး၊ ယောဂီများနှင့် ဆင်းရဲနွမ်းပါးမိသားစုများအားဆွမ်းဆန်များနှင့် အခြေခံစားသောက်ကုန်များလှူဒါန်း
Jul 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့မှ ကန်ကလေးတောရဓမ္မရိပ်သာအတွင်း သီလဆောက်တည်သီတင်းသုံးနေသော သီလရှင်ဆရာကြီး၊ ဆရာလေး (၅၇) ပါးနှင့် ယောဂီများအား ဆွမ်းဆန်များနှင့် ဝထ္ထုငွေလှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း သွားရောက်လှူဒါန်းကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး
Jul 26,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် တတိယအကြိမ်၊ စတုတ္ထအကြိမ် နှင့်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဇူလိုင် ၂၆ ရက်နံနက်ပိုင်းက စည်ပင်သာယာခန်းမ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့၌ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေး
Jul 26,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁) ရပ်ကွက်၌ ယမန်နေ့ညနေ (၃) နာရီအချိန်မှ စတင်ကာ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုင်းစံမြို့တွင် မိုးစပါးစိုက်ပျိုးခြင်း ဆောင်ရွက်
Jul 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မိုးစပါးစိုက်ပျိုးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ရပ်ကွက်-၃ ကျေးရွာအုပ်စုတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ - ၁ ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၃)နာရီက အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)လ-၁ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jul 26,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မြို့ပေါ်/ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။