မင်းတုန်းမြို့တွင် ကလေးသူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 26,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လည် ၁၂ နာရီက ကလေးသူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မင်းတုန်းမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ၊ ကိုယ်ကျင့်တရားဆိုင်ရာများ ဆွေးနွေးခဲ့သည်။