ပခုက္ကူ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ဩ လုပ်ငန်းခွင်ပြင်ပထိခိုက်ဒဏ်ရာရသူအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ထွေးက ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ MC Easy Microfinance မှ မန်နေဂျာ ဒေါ်သန္တာအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့နယ်လူမှုဖူလုံရေးရုံးတာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေးနှင့် တာဝန်ရှိသူများက အာမခံအလုပ်သမား ဒေါ်ဇင်မာလှိုင် (MC Easy Microfinance)၏ လုပ်ငန်းပြင်ပခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် ၄၄၁၀၀၀၀/- (ကျပ်လေးဆယ့်လေးသိန်းတစ်သောင်တိတိ)အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)