သတင်းများ

မူဆယ်မြို့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့ပေါက်ဖော်ပြည်ဝင်ပြည်ထွက်ဂိတ်ပြောဆိုကြေညာသည့် ချစ်ကြည်ရေးအဖွဲ့မှ ခြင်ဆေးဖြန်းဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယမန်နေ့ မွှန်းလွဲ (၁:၀၀) နာရီအချိန်က မူဆယ်(၁၀၅) မိုင်ကြက်ခြေနီ အသင်းအဖွဲ့များထံသို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ ပေါက်ဖော်ပြည်ဝင်ပြည်ထွက် ဂိတ်ပြောဆိုကြေညာသည့် ချစ်ကြည်ရေးအဖွဲ့က ခြင်အန္တရာယ်နှင့်ပက်သက်၍ သွေးလွန် တုပ်ကွေးရောဂါ ချီကန်ဂန်ညာ (ဆင်တုပ်ကွေး)ရောဂါ ဇီကာ(Zika Virus)ရောဂါ ဖြစ်ခြင်းများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖြန်းဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ချောက်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှု​လျော့ချ​ရေးအသိပညာ​ပေး ​ဟော​ပြော
Jul 26,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲရေးရည်ရွယ်၍ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမတွင် ယ​မန်နေ့နံနက် ၉ နာရီအချိန်က ပလတ်စတစ်သုံးစွဲမှု​လျော့ချ​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပ
Jul 26,2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲကို ဇူလိုင် (၂၄) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် မိုးရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေတောင် (၈) ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် တောင်သူဒေါ်တင်မိုးခိုင် ကွင်းအမှတ်(၂၂၅-ဃ)၊ ဦးပိုင်အမှတ်(၃၁) ယာမြေ(၂၀)ဧကတွင် မိုးရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေတောင်(၈)ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ  အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန်ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်း များအခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က မိုင်းရယ်မြို့အဝင်ဂိတ်နှင့် မြို့လယ် ဘုရားရှေ့တို့တွင် ပြုလုပ်သည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jul 26,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာသို့ သွားရောက် ငှားရမ်းပေးကြသည်။
တန့်ယန်းမြို့နယ် ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Jul 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ကိုင်းကုန်းပရိ ယတ္တိစာသင်တိုက်၏ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  အသိပညာပေးဟောပြောပွဲကျင်းပ
Jul 26,2023
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေး  အသိပညာ‌ပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ဘားအံမြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။