ကြံခင်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီ အချိန်ကကြံခင်းမြို့၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူပြီး Database အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး (ယာယီတာဝန်ခံ) ဦးအောင်အောင် ဦးဆောင်သော တာဝန်ရှိသူများက ပညာရေးဝန်ထမ်းများအား ဇူလိုင်လ (၂၄) ရက်နေ့မှစပြီး ဆောင်ရွက်ပေးလျက်ရှိရာ ၊ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူ၍ Database အတွင်းသို့ ထည့်သွင်းသိမ်းဆည်းပြီး၊ Unique ID နံပါတ်ပါ ကတ်ပြားများပြန်လည်ထုတ်ပေးနိုင်ရန်နှင့် ပညာရေးဝန်ထမ်း(၁၅၁)ဦး ဆောင်ရွက်ပေးခဲ့ပြီး ကျန်ဝန်ထမ်းများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)