ကျိုင်းတုံမြို့၌ ကျောင်း‌ဆောင်သစ် ၃ ဆောင်နှင့် သင်ထောက်ကူပစ္စည်းများ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ကျိုင်းတုံ ဇူလိုင် ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကြီးကြပ်မှု၊ ဂျပန်နိုင်ငံနိပွန်ဖောင်‌ဒေးရှင်းအဖွဲ့၏ ရန်ပုံငွေထောက်ပံ့မှုတို့ဖြင့် စေတနာအဖွဲ့ (NGO)နှင့် ဒေသခံပြည်သူများပူးပေါင်းဆောက်လုပ်သော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့နယ်၊ နားကော်ကျေးရွာ အမက(ခွဲ)၊ နားပေါ်ကျေးရွာ အ.မ.က နှင့် နောင်တောင်း ကျေးရွာ အ.မ.က ကျောင်းများမှ ကျောင်းဆောင်သစ် ၃ ဆောင်နှင့် သင်ထောက်ကူပစ္စည်းများ ပညာရေးဝန်ကြီးဌာနသို့  လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုင်းတုံမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၊ စေတနာအဖွဲ့(NGO)မှ Project Director ဒေါ်အေးအေးသန်း တို့က အမှာစကားပြောကြားပြီး ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း၊ စေတနာအဖွဲ့(NGO) တာဝန်ရှိသူများက  ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းထွေးခင်က လက်ခံရယူသည်။

ထို့‌နောက် အမက(ခွဲ) နားကော်၊ အ.မ.က နားပေါ်နှင့် အ.မ.က နောင်တောင်းကျောင်း တည်ဆောက်ရေးအဖွဲ့ဝင်များက “ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြား ခြင်း စီမံကိန်း”(EDP)အဖြစ် ဂျပန်နိုင်ငံနိပွန်ဖောင်‌ဒေးရှင်းအဖွဲ့၏ ရန်ပုံငွေကျပ် သိန်း ၃၀၀၀ ကျော် ထောက်ပံ့ကူညီမှုဖြင့် အကောင်အထည်ဖော်ကူညီပါဝင်ဆောင်ရွက်ပေးသည့် နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စေတနာအဖွဲ့(NGO)တို့ အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ကျိုင်းတုံမြို့နယ်ပညာရေးမှူး ဒေါ်သန်းထွေးခင်နှင့် ဒေသခံ ပြည်သူတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)