မင်းတုန်း ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လည် ၁၂ နာရီက ကလေးသူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မင်းတုန်းမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ၊ ကိုယ်ကျင့်တရားဆိုင်ရာများ ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇာခြည်ဦးက ရာဇသတ်ကြီးဥပဒေ၊ ကလေးသူငယ် ဆိုင်ရာဥပဒေတွင် ပြဌာန်းထားသော ကလေး၏အသက်၊ ကလေးသူငယ်များ ပြစ်မှု ကျူးလွန်ပါက ချခံရမည့် ပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)