အမ်း ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းကို ယနေ့နံနက်ပိုင်းက လေယာဉ်ကွင်းရပ်ကွက် (ကွက်သစ်) အပိုင်းနှင့် ဈေးရပ်ကွက် (ရဲစခန်းအပိုင်း) တို့တွင် အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တတ်ဖွဲ့ဝင်များ၊ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် လူနေအိမ်များရှိ ပိုးလောက်လန်းပေါက်ပွားစေနိုင်သော ရေလှောင်ကန်များ၊ ဘုရားညောင်ရေအိုး၊ တာယာအဟောင်း စသည့်နေရာများတွင် သွေးလွန်တုပ်ကွေးဖြစ်စေနိုင်သည့်ခြင်များ ပေါက်ဖွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးများခတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက နေအိမ်ပိုင်ရှင်များအား မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန် တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကျန်မာရေးအသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမင်းထွန်း