သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စည်ပင်သာယာရေး‌ကော်မတီက ရတနာလမ်ကွန်ကရစ် စတင်ခင်းကျင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်‌ဆေး

သာပေါင်း ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ စည်ပင်သာယာရေး‌ကော်မတီက အမှတ်(၁)ရပ်ကွက်၊ရတနာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က စတင်ခင်းကျင်းရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးမှာကြားခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က အမှတ် (၁) ရပ်ကွက်၊ ရတနာလမ်း စတင်ခင်းကျင်းရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊တိုင်းဒေသကြီး ဘတ်ဂျက်ခွင့်ပြုငွေ (၁၃၂.၉၇၅) သိန်းဖြင့် (၂၆၅ ပေx ၁၄ ပေ x ၁၈ လက်မ) ကွန်ကရစ်လမ်းစတင်ခင်းကျင်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ကျော်၊ အင်ဂျင်နီယာအဖွဲ့နှင့် စည်ပင်ဝန်ထမ်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီပြည့်မီ၍ အချိန်မီပြီးစီးရေး၊ လုပ်ငန်းသုံးပစ္စည်းများ အလေအလွင့်ပျက်စီးမှုမရှိရေး၊ လမ်းပုခုံးမြေသားဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခန့်ထိန်းသိမ်းရေးတို့ကို မှာကြားခဲ့ပြီး သတ်မှတ်ရက်အမီပြီးစီးရေးစည်ပင်သာယာရေး‌ကော်မတီက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)