သတင်းများ

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ စေတနာကြီးဘုရားတည်ဆောက်ပုံ ဗိသုကာပညာနှင့် အင်္ဂတေပန်းလက်ရာများဖြင့် တန်ဆာဆင်ထားသည်ကိုလေ့လာနိုင်
Aug 01,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့တောင်ဘက်တွင် အေဒီ ၁၃ ရာစု ကနားဋောင်းများမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် စေတနာကြီးဘုရားတည်ဆောက်ပုံ ဗိသုကာပညာနှင့်အင်္ဂတေပန်းလက်ရာများဖြင့် တန်ဆာဆင်ထားသည်ကို လေ့လာနိုင်ကြောင်း သိရသည်။
နမ့်စန်တွင် ဒုတိယဝါဆိုလပြည့် စုပေါင်းဆွမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Aug 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) မြို့နယ်လုံးကျွတ် စုပေါင်း ဆွမ်းစုပေါင်းလောင်းလှူပွဲကြီးကို ယနေ့နံနက် ၆  နာရီက အမှတ် (၄)ရပ်ကွက် တံတားဖြူမှတဆင့် မြို့တွင်းပြည်ထောင်စု လမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ''အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Aug 01,2023
စာပေချစ်မြတ်နိုးသူများ စာဖတ်ခြင်းမှရရှိသော အတွေးအမြင်ဗဟုသုတများ ဖလှယ်နိုင်ရန်နှင့် လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀နာရီက '' အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြည်နယ်အစိုးရအဖွဲ့မှ  ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား လှူဒါန်းသော  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တူပစ္စည်းများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်း
Aug 01,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ  ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား လှူဒါန်းသော  ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္တူပစ္စည်းများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ပေါင်းတည်၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မှု ကွင်းဆင်းကြည့်ရှုစစ်ဆေး           
Aug 01,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ပံပါးပျဉ်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ အဖွဲ့ဝင်(၂) ဦးအေးကျော်တို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် မိုးစပါးနှင့်စိုက်ပျိုးသီးနှံများအား အချိန်မီအပြည့်အဝ စိုက်ပျိုးနိုင်ရေးဆွေးနွေး
Aug 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအား အချိန်မီအပြည့်အဝ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ်တွင်မိုးစပါး Seeder စနစ်စံပြစိုက်ခင်းကွင်းသရုပ်ပြပွဲ ကျင်းပ
Aug 01,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နတ်မောက်ဆည်ရေသောက် န/ကျားထူးကျေးရွာအုပ်စု ကွင်းအမှတ်(၄၇၀-က)၊ ဦးပိုင်အမှတ် (၁၇၀)၊ တောင်သူဦးပေါ်ဦး၏ မိုးစပါးစိုက်ကွက်တွင် ယမန်နေ့နေ့လယ် (၂)နာရီအချိန်က မိုးစပါး Seeder စနစ် စံပြစိုက်ခင်း၌ ကွင်းသရုပ်ပြပွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် ကော့စံနိုင်ရပ်ကွက်‌ တောရဘုန်းကြီးကျောင်း၌ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်
Aug 01,2023
မွန်ပြည်နယ်၊ကျိုက်ထိုမြိုနယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုများကြောင့် ကော့စံနိုင်ရပ်ကွက်ရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ယမန်နေ့နေ့လယ်(၁)နာရီတွင် ကော့စံနိုင်ရပ်ကွက်၊‌ တောရဘုန်းကြီးကျောင်း၌ ရေဘေးသင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့သည်။