ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ စေတနာကြီးဘုရားတည်ဆောက်ပုံ ဗိသုကာပညာနှင့် အင်္ဂတေပန်းလက်ရာများဖြင့် တန်ဆာဆင်ထားသည်ကိုလေ့လာနိုင်

ညောင်ဦး ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့တောင်ဘက်တွင် အေဒီ ၁၃ ရာစု ကနားဋောင်းများမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် စေတနာကြီးဘုရားတည်ဆောက်ပုံ ဗိသုကာပညာနှင့်အင်္ဂတေပန်းလက်ရာများဖြင့် တန်ဆာဆင်ထားသည်ကို လေ့လာနိုင်ကြောင်း သိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ စေတနာကြီးဘုရားသည် ပုဂံမြို့၏တောင်ဘက်တွင် တည်ရှိပြီး နားဋောင်းများမင်းကြီးက အေဒီ  ၁၃ ရာစုတွင်တည်ထားခဲ့ကြောင်း ကြီးမား သောစေတီတစ်ဆူဖြစ်ပြီး လေးထောင့်ပုံမဟာရံတံတိုင်းတွင် မုခ်ပေါက်လေးခုပါဝင်သည်။ အင်္ဂတေပန်းလက်ရာများဖြင့်တန်ဆာဆင်ထားပြီး ပန္နက်ပုံမှာ လေးထောင့်ဖြစ်ပြီး အောက်ခြေပန်းတင်ခုံ၏ အနားတစ်ဘက်စီတွင် ဆင်ဦးခေါင်း(၃၉)ရုပ်နှင့် ကာလသားအိုး (၄၀)ခုတို့ကို အစီစဉ်တကျထည့်သွင်းတန်ဆာဆင်ထားရှိသည်။အရံစေတီများ၏ မုခ်ကဒ် များတွင်မတ်ရပ်ဆင်းတုတော်များပါရှိပြီး စေတီတော်၏ ဉာဏ်တော်အမြင့်မှာ မြေပြင်မှ (၁၇၄)ပေရှိကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရောက်ရှိခဲ့ပါက ပုဂံမြို့မှချောက် မြို့သွားကားလမ်းဘေးတွင်တည်ရှိသည့် စေတနာကြီးဘုရားတည်ဆောက်ပုံ ဗိသုကာ လက်ရာနှင့်အင်္ဂတေပန်းလက်ရာများကို လေ့လာနိုင်ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ ဆက်)