သတင်းများ

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးပင်စည်ကား
Aug 01,2023
ယနေ့ (၂၀၂၃-ခုနှစ် ဩဂုတ်လ (၁)ရက်နေ့ )တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် ဝါဆို လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌
အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Aug 01,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရေးနှင့်ရောဂါ ကူးစက်ခြင်းများမှ ကာကွယ်နိုင်ရေးတို့အတွက် လစဥ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၁ ရက်နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက် ၂ နှစ်အောက်ကလေးငယ်များနှင့်ကိုယ် ဝန်ဆောင်မိခင်များအား စတင်ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့ကျန်းမာရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Aug 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝါဆိုလဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို ဆရာဒကာကျောင်းဖြစ်သည့် မှော်သေးပညာရာမိကကျောင်းတိုက်၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရှူးမြို့၌ အာရုဏ်ဆွမ်းနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းပြုလုပ်
Aug 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ဟံသာမုနိဘုရားကြီးကျောင်းတိုက်တွင် အာရုဏ်ဆွမ်းနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၆ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊
ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများနှင့် ကုသိုလ်ဒါနပြုလုပ်သူများဖြင့်စည်ကား
Aug 01,2023
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာနေ့) နံနက်ပိုင်းတွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရား၊ စေတီ၊ ပုထိုးများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်သူများ၊ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ဒါနကောင်းမှုပြုကြသူများဖြင့် စည်းကားလျက်ရှိသည်၊၊ ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော် မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများတည်ရှိရာမြို့လည်းဖြစ်သောကြောင့် ဒေသခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများသည် ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများကပ်လှူခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြုကုသိုလ်ယူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘုရားဝန်းအတွင်းရောင်းချထားသော အမှတ်တရပစ္စည်းများဝယ်ယူခြင်း၊ စားသောက်ဖွယ်ရာများ ဝယ်ယူစားသောက်၍ အပန်းဖြေ အနားယူခြင်းတို့ဖြင့် အသီးသီးလာရောက် ကုသိုလ်ယူကြသည်ကို တွေ့ရသည်။
ကွန်ဟိန်းမြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Aug 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ နားဆေကျောင်းတိုက်၌ ယမန်နေ့ ညနေ ၃ နာရီခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စုပေါင်း၍ သံယာတော်များ ဝါတွင်းကာလအတွင်း စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရန်အတွက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပသည်။
မောက်မယ်မြို့နယ်၌ ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကျင်းပ
Aug 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒက ကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းဝောာ်ရာစေတီတော်မြတ်ကြီးသို့ ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့) ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိ
Aug 01,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။