ပေါင်းတည် သြဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ပံပါးပျဉ်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ အဖွဲ့ဝင်(၂) ဦးအေးကျော်တို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လမ်းသည် အရှည် ၄၆၀၀ ပေ၊ အကျယ်၁၄ပေ၊ အမြင့်၂ပေ ရှိကာ ရေထုတ်ပြွန် ၇ခု ပါဝင်သော မြေသားလမ်းဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ကျပ် ၅၉.၀၂၈ သန်းဖြင့် Su Lin Htut. Co.Ltdက ထိုလမ်းကို ဇွန်လဒုတိယပတ်မှ စတင်၍ တာဝန်ယူ ဖောက်လုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးယုနိုင်လင်းက ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျေးလက်ကုန်ထုတ် မြေသားလမ်း ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါလမ်းကို စက်ယန္တယား၊ လူအင်အားတို့ဖြင့် အပိုင်းလိုက်ခွဲ၍ တစ်ပြိုက်နက် ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ လုပ်ငန်း၏ ၈၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)