ကျိုက်ထို ဩဂုတ် ၁
မွန်ပြည်နယ်၊ကျိုက်ထိုမြိုနယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုများကြောင့် ကော့စံနိုင်ရပ်ကွက်ရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ယမန်နေ့နေ့လယ်(၁)နာရီတွင် ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းကြီးကျောင်း၌ ရေဘေးသင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့သည်။
အဆိုပါကယ်ဆယ်ရေးစခန်းတွင် ကော့စံနိုင်ရပ်ကွက် အနိမ့်ပိုင်းရှိ နေအိမ်ရေဝင်ရောက်နေသော အိမ်ထောင်စု(၃၈)အုပ်စုရှိကျား(၆၉)ဦး၊ မ(၇၆)ဦး စုစုပေါင်း(၁၄၅)ဦးတို့အား ကျိုက်ထိုတပ်နယ်မှ ဗိုလ်မှူး ရဲရင့်မင်းနှင့် တပ်မတော်သားများ၊ ကျိုက်ထိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဆန်းနိုင်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ ပြောင်းရွှေ့ပေးခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူ/ တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)