ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြည်နယ်အစိုးရအဖွဲ့မှ  ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား လှူဒါန်းသော  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တူပစ္စည်းများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်း

မောင်တော     ဩဂုတ်  ၁

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ  ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား လှူဒါန်းသော  ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္တူပစ္စည်းများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ  ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ  ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများအား လှူဒါန်းသော ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား မောင်တောမြို့နယ် အတွင်းရှိ  မြို့မဘုန်းတော်ကြီး ကျောင်း၊ မြို့ဦး ကျောင်း၊ ဇောတိကာရုံကျောင်း၊ သုံးမိုင်ပရဟိတကျောင်း၊ မောရတီကျောင်းနှင့်  ကပ္ပကောင်း ဘုန်းတော်ကြီးကျောင်း များသို့သွားရောက်ကာ အဆိုပါကျောင်းများရှိ ထေရ်ကြီး ၊ ဝါကြီး ဆရာတော်ကြီးများ ဖူးမျှော်ကြည်ညိုပြီး  ဝါဆိုသင်္ကန်း နှင့် အခြား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြ‌ကြောင်းသိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)