ထန်းတပင်(ရန်ကုန်) ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအား အချိန်မီအပြည့်အဝ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးစိုက်ပျိုး ချိန်ကာလ၌ လယ်ယာမြေများတွင် မိုးစပါးနှင့်စိုက်ပျိုးသီးနှံများအား အချိန်မီအပြည့်အဝစိုက်ပျိုးနိုင်ရေး၊ မိုးစပါး စိုက်ဧကများပေါ်တွင် နွေစပါး၊ ပဲမျိုးစုံ၊ ဆောင်းသီးနှံ(သီးထပ်)စိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေးအလေး ထားကြပ်မတ်ဆောင်ရွက်သွားရန်၊ လယ်ယာမြေများပေါ်တွင် မိုးစပါးစိုက်ပျိုးသီးနှံများအားခိုင်လုံသော အကြောင်းပြချက်မရှိချန်လျှပ်ထားမှုမရှိစေရေး၊ လယ်ယာမြေများအား အခြားနည်းအသုံးပြုခြင်းများ ခွင့်ပြု ချက်မရှိဘဲဆောင်ရွက်နေမှုများကို တားမြစ်သွားရန်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာအုပ်စု စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များက မိမိတို့ရပ်ကွက်/ ကျေးရွာများအလိုက် လုပ်ငန်းလိုအပ်ချက်များနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ရှင်းလင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်၍ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးသည်။
ဆွေးနွေးပွဲသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝေမိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီး ကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် မြေတိုင်းစားရေးများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာတာဝန်ခံများ တက်ရောက် ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ ဆက်)