သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် (၂၁)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်‌ရောက်
Aug 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ ရွှေဘုန်းပွင့်ကပ်သိမ်းစေတီတော်တွင် တည်ထားကိုးကွယ်မည့် ရွှေဘုန်းပွင့်ကပ်သိမ်းကပ်ကျော် ရုပ်ပွားတော်မြတ်အား ဘုရားအနေကဇာတင်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်တွင် ရွှေဘုန်းပွင့်ကပ်သိမ်းစေတီတော် ဘုရားရင်ပြင်နှင့် (၂၁)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ဘုရင့်‌နောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ချောက်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏(ပထမ)အကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပ
Aug 01,2023
မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှုရှင်များ၏(ပထမ)အကြိမ်ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ လွိုင်ကော်မြို့၌ ကျင်းပ
Aug 01,2023
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစား ရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ (၂/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေပြည်သူများဝင်ငွေတိုးရေးစီမံကိန်း ပြည်တွင်းထွက်ကုန်သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ
Aug 01,2023
မကွေးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံ  အခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ(မွမ်းမံ) သင်တန်း ဆင်းပွဲအခမ်းအနားကို
ဘီးလင်းမြို့နယ် ကန်သာယာရပ်ကွက်‌၊ ဓမ္မဝိဟာရဘုန်းကြီးကျောင်း၌ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိ
Aug 01,2023
မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေ စီးဆင်းလာမှုများကြောင့် ကန်သာယာရပ်ကွက်(၇) မြေနိမ့်ပိုင်းရှိ နေအိမ်များ အတွင်းသို့ ၂ ပေခန့် ရေများဝင်ရောက်လာသည့်အတွက် ယမန်နေ့ညနေပိုင်းက ဓမ္မဝိဟာရဘုန်းကြီးကျောင်း၌ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့သည်။
ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Aug 01,2023
ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရက်သတ္တပတ်အတွင်း မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် မန့်ဟီးရိုးမြို့အတွင်း ရွှေလီမြစ်ရေများ ဝင်ရောက်
Aug 01,2023
ဇူလိုင်လကုန်ပိုင်း၊ ရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့ဘေးမှ ဖြတ်သန်းစီးဆင်းသွားသော ရွှေလီမြစ်ရေသည် ယခုရက်ပိုင်းအတွင်း မြစ်ရေလျှံကာ မြို့အတွင်းသို့ မြစ်အတွင်းမှ ခွဲထွက်မြောင်းများမှ တဆင့် မြို့မြေနိမ့်ပိုင်းများ၌ မြစ်ရေများ ဝင်ရောက်လျက်ရှိပါသည်။
မိုင်းယန်းမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀  နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်၌  ကျင်းပခဲ့ကြကြောင်း သိရသည်။