သတင်းများ

ဓမ္မစကြာအခါတော်နေ့ (ဒုတိယဝါဆိုလပြည့်နေ့)တွင် မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်၌ ဘုရာဖူးမိဘပြည်သူများဖြင့် စည်ကား
Aug 01,2023
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ဖြစ်သော ဓမ္မစကြာအခါတော်နေ့၊ နေ့ထူးနေ့ မြတ်တွင် မြန်မာဓလေ့ထုံးတမ်းအစဉ်အလာအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လွယ်တိန်ခမ်း တောင်ပေါ်တွင် ဘုရားဖူးမိဘပြည်သူများ၊ဥပုပ်သီလဆောက်တည်ကြသူများနှင့် အပန်းဖြေအနားယူကြသူ များဖြင့် စည်ကားသိုက်မြိုက်လျက်ရှိပါသည်။
ဝါဆိုလပြည့်နေ့  (ဓမ္မစကြာနေ့) တွင် ပေါင်မြို့နယ်၌ ဝါဆိုသင်္ကန်းကပ်သူများ ဘုရားဖူးသူများ စည်ကား
Aug 01,2023
ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဝါလပြည့်နေ့ (ဓမ္မစကြာနေ့)  ဩဂုတ်လ (၁) ရက်နေ့တွင်  မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဝါဆိုသင်္ကန်းကပ်သူများ ဘုရားဖူးသူများ ၊ ရပ်ဝေး၊ရပ်နီးမှ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာအုပ်များလှူဒါန်းပေး
Aug 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်၌ မြို့နယ်အတွင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာအုပ်များကိုလှူဒါန်းပေးခဲ့သည်။
ဝါဆိုလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ဘုရားစေတီကြီးများ ဘုရားဖူးပြည်သူများဖြင့် စည်ကား
Aug 01,2023
စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင်ဆွမ်းဦးပုညရှင်မြတ်စွာဘုရာကြီးတွင် ဝါဆိုလပြည့်နေ့က အနယ်နယ်အရပ်ရပ်မှ ဘုရားဖုးပြည်သူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။ ဆွမ်းဦးပုညရှင်မြတ်စွာဘုရားကြီးသည် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်စေတီတော်များ၏ ဝါတွင်းကာလ ဘုရားစဉ် ပွဲတော်များတွင် ပထမဦးဆုံးကျင်းပခွင့်ရသည့် စေတီတော်မြတ်ကြီးဖြစ်ပြီးနှစ်စဉ်ဝါဆိုလပြည့် နေ့တွင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာမျာမှ ပြည်သူ ၃၃၁ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Aug 01,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
တနင်္သာရီမြို့နယ် မြဝတ်ဆင်စေတီတော်မြတ်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် (ပထမ)အကြိမ်မြောက်၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ
Aug 01,2023
၂၀၂၃ခုနှစ်၊မတ်လအတွင်းက လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးဖြစ်သည့် တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ်၏ ရှေးဟောင်းသမိုင်းဝင် မြဝတ်ဆင်စေတီတော်မြတ်ကြီးအား ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) ဩဂုတ်လ ၁ရက်နေ့ နံနက်၅နာရီအချိန်က
သပိတ်ကျင်းမြို့တွင် သံဃာတော်အရှင်သူမြတ်အပါး (၈၀)ကျော်အား ဘုံဆွမ်းလောင်းလှူပွဲကျင်းပ
Aug 01,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ကဘဲ့ရပ်ကွက်၊ဆုတောင်းပြည့် ကမ္ဘာအေးစေတီတော် မုဒ်ဦးရှေ့၌ ယနေ့နံနက်(၇း၀၀)နာရီအချိန်က ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်း၊ ကွမ်း၊ အခက်အခဲမဖြစ်စေရေးအတွက် ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ စုပေါင်းလောင်းလှူခဲ့ကြောင်းသိရသည်။
ကြို့ပင်ကောက်မြို့တွင် ဌာနဆိုင်ရာများစုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း
Aug 01,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပခဲ့ကြောင်းသိရသည်။