သထုံအကျဉ်းထောင်မှ အကျဥ်းသား(၁၁၉)ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ
Aug 01,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၅၁/၂၀၂၃) အရ မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှ အကျဥ်းသား(၁၁၉)ဦးတို့အား ဩဂုတ်လ ၁ ရက်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) မွန်းလွဲပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့် ပြုပေးခဲ့ကြောင်း သိရသည်။