အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် ဇူလိုင် ၃၁

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစား ရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ (၂/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ ကယားပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး ကိစ္စရပ်များသည် အရေးကြီးသောကြောင့် အန္တရာယ်ရှိသည့်လုပ်ငန်းများမှ ကလေးလုပ်သားများ ဖယ်ရှားခြင်း၊ စေခိုင်းသူကို ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း၊ လိုအပ်သလို ညွှန်းပို့စနစ် ဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားများ မဖြစ်ပေါ်စေရေးအတွက် ကလေးသူငယ်များ အားလုံး ပညာသင်ကြားခွင့်နှင့် ပံ့ပိုးပေးနိုင်မည့် အစီအစဉ်များ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ကော်မတီဝင်များက သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင်  ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့်ပြန်လည်ကုစားရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူး ဦးအောင်စိုးကျော်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား များဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြခဲ့ပြီး တက်ရောက်လာကြသော ကော်မတီဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်