မုံရွာမြို့အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ (၃၅)ဦး လွတ်ငြိမ်း ခွင့်ရရှိ
Aug 01,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား/အကျဥ်းသူ ၇၇၄၉ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အကျဉ်းဦးစီးဌာန၊ မုံရွာ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများမှ အကျဉ်းသား (၃၂)ဦးနှင့် အကျဥ်းသူ(၃)ဦး စုစုပေါင်း (၃၅) ဦးကို ဩဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။