သတင်းများ

မော်လိုက်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ “စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ” အခမ်းအနား ကျင်းပ
Aug 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ “စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ”ကို ယနေ့နံနက် (၁)နာရီအချိန်တွင် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် ( ၅၁/၂၀၂၃)အရ အကျဥ်းသား/အကျဉ်းသူ (၃၆ ) ဦးလွှတ်ပေး
Aug 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၁-၈-၂၀၂၃) ရက်စွဲပါ အမိန့်အမှတ် (၅၁/၂၀၂၃ )အရ အကျဥ်းသား အမျိုးသား(၃၁)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း(၃၆)ဦးကို  လွှတ်ငြိမ်းသက်သာခွင့်ပေးသည့်အခမ်းအနားကို ယနေ့နံနက် ၁၂နာရီခွဲ အချိန်က အဆိုပါ အကျဥ်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် အခြေခံစားသောက်ကုန်များ ပုံမှန်ထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေး
Aug 01,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် အခြေခံစားသောက်ကုန်များ ပုံမှန်ထက်ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့ညနေပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပဲခူးအချုပ်ထောင်မှ အကျဉ်းသား/ သူ စုစုပေါင်း(၁၁၁)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး
Aug 01,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သော ဓမ္မစကြာအခါ တော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပဲခူးမြို့၊ ပဲခူးအချုပ်ထောင်၌ အပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသားများအနက် အကျဥ်းသား (၉၃)ဦး၊ အကျဥ်းသူ(၁၈)ဦး၊စုစုပေါင်း(၁၁၁)ဦးတို့အား သြဂုတ် ၁ ရက် နေ့လယ်ပိုင်းအချိန်က လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခဲ့သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ​ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား/သူ (၈၄)ဦး လွတ်ပေး
Aug 01,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါ​တော်​နေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ဖြင့် ​စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား/သူ (၈၄)ဦးအား ယနေ့မွန်းလွဲပိုင်းအချိန်က လွတ်ပေးခဲ့ကြောင်း သိရသည်။
ဝါဆိုလပြည့်(ဓမ္မစကြာနေ့)၌ မော်လမြိုင်မြို့အတွင်းရှိ ဘုရားကျောင်းကန်များတွင် ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုလုပ်သူများဖြင့်စည်ကား
Aug 01,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ဝါဆိုလပြည့်(ဓမ္မစကြာနေ့)၌ မော်လမြိုင်မြို့ရှိ ဘုရားကျောင်းကန်များတွင် ဥပုသ်သီလဆောက်တည်သူများ ၊ကုသိုလ်ဒါနပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြ​နေ့)အထိမ်းအမှတ် ပေါင်းတည်အချုပ်ထောင်မှအကျဉ်းသား အကျဉ်းသူ ၆၂ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု
Aug 01,2023
ပဲခူးတိုင်းဒေသကြီးရှိ ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၆၂ဦးအား ယနေ့ နေ့လည် ၂နာရီကမြန်မာသက္ကရာဇ် ၁၃၈၅ခု၊ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာ) အထိမ်းအမှတ်အဖြစ် ပြည်သူများ စိတ်နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားခြင်းသက်ညှာစာနာထောက်ထားမှုကို အလေးထားသောသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
ဓမ္မစင်္ကြာအခါတော်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Aug 01,2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ဩဂုတ် ၁ ရက်နံနက် ၇ နာရီက ရေဦးခရိုင် ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ရွှေနဒီဦးခန်းမတွင် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။