ချောက် သြဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှုရှင်များ၏(ပထမ)အကြိမ်ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပြီး ရွှေပုံတောင်ကျောင်းတိုက်မြို့နယ် သံဃနာယက၊ တိုင်းသံဃာဝန်ဆောင်ဆရာတော်ဘဒ္ဒန္တတိက္ခသာရ ဆရာတော်ဦးဆောင်သော ဆရာတော်သံဃာတော်စုစုပေါင်း (၉)ပါးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသည့် ဧည့်သည်တော်အလှူရှင်များက ဆရာတော်အရှင်သူမြတ်တစ်ပါးလျှင် ဝါဆိုသင်္ကန်းတစ်စုံစီနှင့် နဝကမ္မအလှူငွေသုံး သောင်းကျပ်တို့အား အသီးသီးဆပ်ကပ်လှူဒါန်းကြပြီး ကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်သွန်းချအနုမောဓနာတရားနာကြားခဲ့ကြသည်။ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ ဆက်)