ဘီးလင်း ဩဂုတ် ၁
မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေ စီးဆင်းလာမှုများကြောင့် ကန်သာယာရပ်ကွက်(၇) မြေနိမ့်ပိုင်းရှိ နေအိမ်များ အတွင်းသို့ ၂ ပေခန့် ရေများဝင်ရောက်လာသည့်အတွက် ယမန်နေ့ညနေပိုင်းက ဓမ္မဝိဟာရဘုန်းကြီးကျောင်း၌ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့သည်။
အဆိုပါကယ်ဆယ်ရေးစခန်းတွင် ကန်သာယာ(၇) ရပ်ကွက် အနိမ့်ပိုင်းရှိ နေအိမ်ရေဝင်ရောက်နေသော အိမ်ခြေ(၅၀) ရှိကျား (၆၉)ဦး ၊ မ( ၈၇)ဦး စုစုပေါင်း(၁၅၆)ဦး တို့အား ယာယီပြောင်းရွှေ့နိုင်ရေး ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်၊ အဖွဲ့ဝင်ဗိုလ်မှူး နိုင်အောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းတင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း၊ ကန်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ဦးနှင့် မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ပြောင်းရွှေ့ပေးခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း လူ/ တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)