ဆွမ်ပရာဘွမ် ဩဂုတ် ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်ရေစက်ချတရားနာအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်နမောတဿသုံးကြိမ်ရွတ်ဖတ်ပူဇော်ကာ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဖြင့် ရရှိလာမည့်ကောင်းကျိုး တရားတော်အကျဉ်းဟောကြားချီးမြှင့်တော်မူပြီး တက်ရောက်လာကြသော ဆွမ်ပရာဘွမ်မြို့ အမှတ်(၄၆)ခြေလျင်တပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူးဝင်းဇော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ အလှူရှင်အသီးသီးများက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုအလှူငွေများကို ဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍ မြို့နယ်အဆင့်ဗုဒ္ဓဘာသာဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများက ဓမ္မစကြာတရားရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချတရားနာအခမ်းအနားတွင် အမှတ်(၄၆)ခြေလျင် တပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အလှူရှင်အသီးသီးများက တက်ရောက်ခဲ့ကြကြောင်းသိရ သည်။
ဧပရယ်မိုး(ပြန်/ ဆက်)