မုံရွာမြို့အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ (၃၅)ဦး လွတ်ငြိမ်း ခွင့်ရရှိ

မုံရွာ သြဂုတ် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင်  ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား/အကျဥ်းသူ ၇၇၄၉  ဦးတို့ကို  ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရနောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍  ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အကျဉ်းဦးစီးဌာန၊ မုံရွာ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများမှ အကျဉ်းသား (၃၂)ဦးနှင့် အကျဥ်းသူ(၃)ဦး  စုစုပေါင်း (၃၅) ဦးကို ဩဂုတ်လ ၁  ရက်နေ့က လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား  မုံရွာအကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းခွင့်အခမ်းအနားကို ဩဂုတ်လ ရက်နေ့ ညနေ()နာရီအချိန်က အဆိုပါအကျဉ်းထောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေး မှူး ဦးအောင်ကိုထွန်း၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ  ရဲမှူးလှမြင့်၊ မုံရွာအကျဉ်းထောင် တာဝန်ခံအရာရှိ  လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမင်းလတ်တို့က လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိသူများအား ဆုံးမစကားများ အသီးသီး ပြောကြားပြီး‌နောက် ထောင်ထွက်လက်မှတ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ခရီးစရိတ်ငွေ၊  ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန် /ဆက်)