ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပဲခူးအချုပ်ထောင်မှ အကျဉ်းသား/ သူ စုစုပေါင်း(၁၁၁)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး

ပဲခူး သြဂုတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သော ဓမ္မစကြာအခါ တော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပဲခူးမြို့၊ ပဲခူးအချုပ်ထောင်၌ အပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသားများအနက် အကျဥ်းသား (၉၃)ဦး၊ အကျဥ်းသူ(၁၈)ဦး၊စုစုပေါင်း(၁၁၁)ဦးတို့အား သြဂုတ် ရက် နေ့လယ်ပိုင်းအချိန်က လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခဲ့သည်။

ထိုသို့ ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ စုစုပေါင်း (၁၁၁)ဦးတို့အား ပဲခူးတိုင်းဒေသကြီး အကျဥ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ခိုင်ဦး၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်၊ ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် တာဝန်ရှိသူများက ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၀၁() နှင့်ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြင်ပတွင် စည်းကမ်းတကျ နေထိုင်ရန် ဆုံးမစကားများ ပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များပေး၍ လွတ်ပေးခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)