မောင်တော ဩဂုတ် ၁
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် အခြေခံစားသောက်ကုန်များ ပုံမှန်ထက်ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့ညနေပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မောင်တောမြို့နယ် အတွင်းရှိ အခြေခံစားသောက်ကုန်များ ပုံမှန်ထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ဈေးဆိုင်များ၊ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်များနှင့် ဆေးဝါးများကို ပုံမှန်ဈေးနှုန်းများထက် ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဈေးဆိုင်များအနေဖြင့် စည်းကမ်းချက်များနှင့် မညီညွတ်ပါက အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်