ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် ( ၅၁/၂၀၂၃)အရ အကျဥ်းသား/အကျဉ်းသူ (၃၆ ) ဦးလွှတ်ပေး

ကလေး ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၁-၈-၂၀၂၃) ရက်စွဲပါ အမိန့်အမှတ် (၅၁/၂၀၂၃ )အရ အကျဥ်းသား အမျိုးသား(၃၁)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း(၃၆)ဦးကို  လွှတ်ငြိမ်းသက်သာခွင့်ပေးသည့်အခမ်းအနားကို ယနေ့နံနက် ၁၂နာရီခွဲ အချိန်က အဆိုပါ အကျဥ်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌လှစိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးကြည်ဝင်းနှင့်တာဝန်ရှိသူတို့က လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ကြသည့် အကျဥ်းသား/အကျဉ်းသူများအား ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။

ထို့နောက် ကလေးအကျဥ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦး‌အောင်မိုးဝင်းက  အမှာစကားပြောကြားပြီး လွှတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား ထောင်လွတ်လက်မှတ်နှင့် စားစရိတ်/ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်းသိသည်။

ခရိုင်(ပြန်/ ဆက်)