မော်လိုက်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ “စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ” အခမ်းအနား ကျင်းပ

မော်လိုက် ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ()နာရီအချိန်တွင် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင်  နမောတဿ  သုံးကြိမ်ရွတ်ဆို၍  အခမ်းအနားကို  ဖွင့်လှစ်ခဲ့ပြီး တောင်တစ်လုံးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပိဏ္ဍောလ (မြို့နယ်ဩဝါစရိယ) ထံမှ ရှစ်ပါးသီလများကို ခံယူကြသည်။ ထို့နောက် ဧည့်ပရိတ်သတ်များက ဆရာတော်ရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ယင်းနောက် သံဃာတော်ရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇောဘာသ (မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်)ထံမှ အနုမောဒနာတရားများ နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်