ပေါင်းတည် သြဂုတ် ၁
ပဲခူးတိုင်းဒေသကြီးရှိ ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၆၂ဦးအား ယနေ့ နေ့လည် ၂နာရီကမြန်မာသက္ကရာဇ် ၁၃၈၅ခု၊ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာ) အထိမ်းအမှတ်အဖြစ် ပြည်သူများ စိတ်နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားခြင်းသက်ညှာစာနာထောက်ထားမှုကို အလေးထားသောသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် ကိုက်ညီသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၅၁/၂၀၂၃)အရ စည်းကမ်းချက်နှင့် ကိုက်ညီသည့် အကျဉ်းသား ၅၃ဦးနှင့် အကျဉ်းသူ ၉ဦး၊စုစုပေါင်း ၆၂ဦးအားပေါင်းတည် အကျဉ်းထောင်၌ အပြစ်ဒဏ် အသီးသီးကျခံနေခြင်းမှလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ပေါင်းတည်အကျဉ်းဦးစီးဌာနမှ သိရသည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား ဥပဒေပုဒ်မ စည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက်ကာနောက်ထပ် ပြစ်မှုမကျူးလွန်ကြရန်၊ကျူးလွန်ပါက ယခုကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဖြစ်ကြောင်း၊ဥပဒေ ဘောင်အတွင်းအေးချမ်းစွာ နေထိုင်သွားကြရန် ဒုတိယ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်ဇော်နိုင်၊ပေါင်းတည်အကျဉ်းဦးစီးဌာန တာဝန်ခံဦးကျော်လွင်ဦးနှင့်ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး အောင်ဇော်ထွန်းတို့က သတိပေး၊ဆုံးမစကား အသီးသီးပြောကြားပြီးနောက် နေရပ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက်)