မော်လမြိုင် သြဂုတ် ၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ဝါဆိုလပြည့်(ဓမ္မစကြာနေ့)၌ မော်လမြိုင်မြို့ရှိ ဘုရားကျောင်းကန်များတွင် ဥပုသ်သီလဆောက်တည်သူများ ၊ကုသိုလ်ဒါနပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဝါဆိုလပြည့်( ဓမ္မစကြာနေ့)တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုရားစေတီ၊ ကျောင်းကန်တို့တွင် ဗုဒ္ဓဘုရားရှင်အားရည်မှန်း၍ ဆွမ်း၊ပန်း၊ရေချမ်းကပ်လှူပူဇော်ခြင်း၊ဆီမီး၊အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်းစသည့်ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းများအပြင်ကျောင်းတိုက်များ၌ ဥပုသ်သီလ ဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များအား ဝါဆို သင်္ကန်း၊ နဝကမ္မအလှူငွေ၊ လှူဖွယ်ပစ္စည်း စသည်ဖြင့် ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်သံဃာတော်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်၍ အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာအားထုတ်ခြင်းများဖြင့် ပြုလုပ်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)