ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ​ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား/သူ (၈၄)ဦး လွတ်ပေး

​ရွှေဘို သြဂုတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါ​တော်​နေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ဖြင့် ​စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား/သူ (၈၄)ဦးအား ယနေ့မွန်းလွဲပိုင်းအချိန်က လွတ်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ​ရွှေဘိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများအနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံ လျက်ရှိသော အကျဉ်းသား (၇၇)ဦး အကျဥ်းသူ (၇)ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။

ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ရရှိသည့် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား/သူ (၈၄)ဦးအား အကျဉ်းထောင်အစည်းအဝေးခန်းမ၌ ​ရွှေဘိုခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး​အောင်​တေဇာဖြိုး၊​ ရွှေဘိုအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွန်ကြား​ရေးမှူး ဦး​​အောင်ကြည်လှိုင်တို့က ဆုံးမစကားများ ပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ လွတ်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်