ကျောက်ဆည် ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကုန်စည် စီးဆင်းမှု မြန်ဆန်ရေ ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၌ ကျဉ်းမြောင်းနေ့သည့် မူလ(၁၂)အကျယ်လမ်းပိုင်းနေရာအား (၁၈)ပေ အကျယ်အထိ ကတ္တရာတိုးချဲ့ ခင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကတ္တရာတိုးချဲ့ခင်းခြင်းလုပ်ငန်းများကို ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလတွင်လုပ်ငန်းပြီးစီးရေး အမှတ်(၂)ခရိုင်ချင်းဆက်လမ်းမှ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းများအနက် လမ်း၏(၄၅.၂) ကီလိုမီတာနှင့် (၄၆) ကီလိုမီတာအတွင်း လမ်းအရှည်(၀.၈)ကီလို မီတာအား ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၃၀၀.၀၀၀)ကျပ်သန်း အကုန်အကျခံကာ မူလ လမ်းအကျယ်(၁၂) ပေမှ (၁၈)ပေ အကျယ်အထိ ကျောက်သားထု(၂)ပေနှင့်ကတ္တရာတိုးချဲ့ခင်းပေးခြင်း များ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အမှတ်(၂)ခရိုင်ချင်းဆက်လမ်းမှ ကျဉ်းမြောင်းနေသည့်လမ်းပိုင်းများအား တိုးချဲ့ခင်းပေးခြင်းကြောင့် ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုသူပြည်သူများအတွက် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများသယ်ယူရာတွင် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းသယ်ယူနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)