မိတ္ထီလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပမည်

မိတ္ထီလာ ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြို့နယ်အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ထံက  သိရသည်။

အဆိုပါ ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်ဘောလုံးအသင်းများကို အုပ်စု ၆ စု ဖွဲ့၍ကျင်းပမည်ဖြစ်ပြီး အုပ်စု(က) သရက်ခြံ၊ နတ်ကြီးကုန်း၊ မြင်တော်ကန်၊ အုပ်စု(ခ) လူးခင်းကြီး၊ ကန်တောင်၊ သီးကုန်း၊ အုပ်စု(ဂ) ထမုန်ကန်၊ ညောင်ပင်ကုန်း၊ မွေ၊ အုပ်စု(ဃ) ဂွေးတောက်ကုန်း၊မြင်းကန်၊ ပျော်ကုန်း၊ အုပ်စု (င) မုန်တိုင်၊ တောမ၊ မကျီးချောက်၊ အုပ်စု(စ) သံဘို၊ မကျီးစု၊ ညောင်ဇောက်တို့ ဖြစ်ပြီး ပြိုင်ပွဲများကို မြို့နယ်ဘောလုံးအားကစားကွင်း(ပေါက်ချောင်း) ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ