သတင်းများ

လမ်းမတော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Aug 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စွမ်းအားခန်းမ၌ကျင်းပသည်။
မြေပုံမြို့၌ ပဥ္စမအကြိမ်မြောက် ဓမ္မစကြာ ရွက်ဖတ်ပူဇော်ပွဲ ကျင်းပ
Aug 02,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် ဓမ္မစကြာ ဝတ်ရွတ်အသင်းအဖွဲ့များ စုံညီစွာဖြင့် စုပေါင်းဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ညနေ (၆) နာရီ အချိန် က သာသနာ့ဗိမာန် မြို့မဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
သီပေါ၊ ကျောက်မဲဒေသထွက် နာနတ်သီးများ အရသာရှိ၍ မန့်ဟီးရီုးမြို့တွင် ဈေးကောင်းရရောင်း အားကောင်း
Aug 02,2023
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တိုင်း ဒေသစိုက်ပျိုးသီးနှံအဖြစ် စိုက်ပျိုးသော နာနတ်သီးများသည် ယခု ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် မှည့်ဝင်းရာသီသို့ ရောက်ရှိပြီဖြစ်၍ နာနတ်သီး အဓိကစိုက်ပျိုးထွက်ရှိသော သီပေါမြို့နှင့်ကျောက်မဲမြို့တို့မှ ဒေသထွက်နာနတ်သီးများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ မြန်မာ-တရုတ်နယ်စပ် အစွန်အဖျားမြို့လေးဖြစ်သော မန့်ဟီးရိုးမြို့တွင် သီးလုံးကြီးကာ အရသာရှိသောကြောင့် မြို့၏ငါးရက်တစ်ဈေးနှင့် မြို့အဝင် စက်လှေဂိတ်တို့တွင် တနိုင်တပိုင်ကားများဖြင့် လာရောက် ရောင်းချလျက်ရှိရာ ဈေးကောင်းရရောင်း အားကောင်းနေကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့ နံနက် ပိုင်းကစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ကျေးလက်ဆေးခန်း ဆေးထိုးစုရပ် အသီးသီးတွင် ပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်သူများ လက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်း
Aug 02,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံ ငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အမှတ် ၁၂ အခြေခံပညာ အထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ငှားရမ်းပေးကြသည်။
ခင်ဦးမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Aug 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉း၃၀ နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်ကပ်လှူဒါန်းဆောင်ရွက်ကြောင်း သိရသည်။
ဆဒုံးမြို့၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များစုပေါင်း၍ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Aug 02,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကာ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များစုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲက ဆဒုံးမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ထေရဝါဒတောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ခဲ့သည်၊၊
တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား သန်လျင်၌ဂုဏ်ပြုချီးမြှင့်
Aug 02,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် လဟာရက်ကျေးရွာမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ရွှေသန်လျင် ဆရာတော်က ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ယင်းကျေးရွာရှိ ရွှေသန်လျင် သာသနာ့ရိပ်သာ၌ ကျင်းပခဲ့သည်။