အင်္ဂပူ ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြို့နယ်မှ ဟင်္သာတမြို့၊ အကျဉ်းဦးစီးဌာနရှိ ဟင်္သာတအကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်(၅၁/၂၀၂၃) အရ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက တွေ့ဆုံ ဆုံးမစကားများ ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ၏ စေတနာကို သိရှိနားလည်ပြီး နိုင်ငံတော်ပေါ် သစ္စာရှိစွာ နေထိုင်သွားရန်၊ နောက်တစ်ကြိမ်ပြစ်မှုဖြစ်ပေါ်ပါက ကျန်ရှိသည့် ပြစ်ဒဏ်များပါ ထပ်မံကျခံရမည်ကို သတိပြုရန်၊ မိမိနေရပ်တွင် ကောင်းမွန်စွာ နေထိုင်ရန်နှင့် သမ္မာအာဇီဝဖြင့် အသက်မွေးဝမ်းကြောင်းပြု နေထိုင်သွားရန် မှာကြားခဲ့ကြပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းများမှ သတ်မှတ်ပုံစံ များ ဖြည့်စွက်မှတ်တမ်းယူခဲ့ပြီး လွတ်/ငြိမ်းချမ်းခွင့်ဖြင့် လွတ်မြောက်လာသူ(၂၈)ဦးအား မုန့်နှင့် အချိုရည်များ တိုက်ကျွေးကာ ၎င်းတို့၏ နေရပ်များသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတအကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၅၁/ ၂၀၂၃) အရ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူများ အနက် အင်္ဂပူမြို့နယ်အတွင်းရှိ နယ်မြေရဲစခန်း(၅)ခုမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် (၆)ဦး၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈ (၈)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၆၁(ခ)အရ (၂)ဦး ၊ လက်နက် ၁၉(င) ၂ ဦး၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ (၁)ဦး၊ ခိုးမှု(၅)ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ (၁)ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ (၁)ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (၂)ဦး၊ စုစုပေါင်း(၂၈)ဦး လွတ်မြောက်ခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)