ဗန်းမော် ဩဂုတ် ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်နန်ရာက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်း အသိပညာ ပေးဟောပြောခဲ့သည်။
ဆက်လက်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူရေးရာအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုးက လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အားကစားပစ္စည်းများလှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)