သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်တွင် (၁၉) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Aug 02,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၁၉) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နေ့လယ် ၂ နာရီ အချိန်က အမှတ် (၃) ရပ်ကွက်အတွင်းရှိ ကျောက်မှော်ကျောင်းတိုက်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Aug 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Aug 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်‌မြောက်ပိုင်းမြို့နယ်၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉  နာရီအချိန်က (၅၀)ဒေသန္တရ ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အမှတ်စဥ်(၂၀)သင်တန်းဖွင့်ပွဲ၊ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အမှတ်စဥ်(၂၀) သင်တန်းဖွင့်ပွဲ၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အောင်မြေဘုန်းတော်ကြီးကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
လမ်းမတော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Aug 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စွမ်းအားခန်းမ၌ကျင်းပသည်။
မြေပုံမြို့၌ ပဥ္စမအကြိမ်မြောက် ဓမ္မစကြာ ရွက်ဖတ်ပူဇော်ပွဲ ကျင်းပ
Aug 02,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် ဓမ္မစကြာ ဝတ်ရွတ်အသင်းအဖွဲ့များ စုံညီစွာဖြင့် စုပေါင်းဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ညနေ (၆) နာရီ အချိန် က သာသနာ့ဗိမာန် မြို့မဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
သီပေါ၊ ကျောက်မဲဒေသထွက် နာနတ်သီးများ အရသာရှိ၍ မန့်ဟီးရီုးမြို့တွင် ဈေးကောင်းရရောင်း အားကောင်း
Aug 02,2023
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တိုင်း ဒေသစိုက်ပျိုးသီးနှံအဖြစ် စိုက်ပျိုးသော နာနတ်သီးများသည် ယခု ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် မှည့်ဝင်းရာသီသို့ ရောက်ရှိပြီဖြစ်၍ နာနတ်သီး အဓိကစိုက်ပျိုးထွက်ရှိသော သီပေါမြို့နှင့်ကျောက်မဲမြို့တို့မှ ဒေသထွက်နာနတ်သီးများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ မြန်မာ-တရုတ်နယ်စပ် အစွန်အဖျားမြို့လေးဖြစ်သော မန့်ဟီးရိုးမြို့တွင် သီးလုံးကြီးကာ အရသာရှိသောကြောင့် မြို့၏ငါးရက်တစ်ဈေးနှင့် မြို့အဝင် စက်လှေဂိတ်တို့တွင် တနိုင်တပိုင်ကားများဖြင့် လာရောက် ရောင်းချလျက်ရှိရာ ဈေးကောင်းရရောင်း အားကောင်းနေကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့ နံနက် ပိုင်းကစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ကျေးလက်ဆေးခန်း ဆေးထိုးစုရပ် အသီးသီးတွင် ပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။