ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့ နံသာတောင်ပညာဒါနပရဟိတကျောင်း၏  ၁၂ ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မောင်တော   ဩဂုတ် ၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ နံသာတောင်ပညာဒါနပရဟိတကျောင်း၏  ၁၂ ကြိမ် မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံသာတောင်ပညာဒါနဦးစီးပဒါန နာယကဆရာတော်ကြီးနှင့် သံဃာတော်များ၊ ဆရာ၊ ဆရာမများ ဧည့်ပရိတ်သတ်၊ ကျောင်းသားကျောင်းသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး နံသာတောင် ပညာဒါန ဦးစီးပဒါန နာယကဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ စရဏ ဆရာတော်အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော် ရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ဆရာ၊ ဆရာမများ ဧည့်ပရိတ်သတ်၊ ကျောင်းသားကျောင်းသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်  နံသာတောင်ပညာဒါနဦးစီးပဒါန နာယကဆရာတော်ကြီးထံမှ အနု မောဒနာတရားနာယူကာလှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကြပြီး ရတနာ ရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)