ဘူးသီးတောင် ဩဂုတ် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁-၈-၂၀၂၃ ရက်စွဲပါအမိန့်အမှတ်၊ ၅၄/၂၀၂၃၊ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်းအမိန့်ဖြင့် လွတ်လာသူများကို လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့် အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီခွဲအချိန်က အဆိုပါအကျဉ်းထောင်ရှိ မြရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အဆိုပါလွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့်အခမ်းအနားတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်၀င်း၊ မြိုနယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်ကျော်ကျော်တို့က လွတ်မြောက်လာကြသူများကို ဆုံးမဩဝါဒစကားများ ပြောကြားပြီး အကျဉ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး အောင်စိုးလှိုင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသော အကျဉ်းသားများအား လွှတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့တွင်ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များနှင့် ဆက်စပ်သူအားတရားရုံး စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤအမိန့်ကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ဘူးသီးတောင်မြို့နယ်တရာရုံး၌ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)များဖြင့် တရားရုံးနှင့် ရဲတပ်ဖွဲ့မှစစ်ဆေးဆဲဖြစ်သည့် ဘူးသီးတောင်အကျဉ်းထောင်မှ အချုပ်သား (၉) ဦးလွတ်မြောက်ပေးခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)