ညောင်ဦး ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး ညောင်းဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သမိုင်းအထင်ကရဘုရားများတွင် ရောင်းချနေသည့် ဈေးသည်များဈေးဆိုင်ခန်းများ စည်းစနစ်ကျစွာရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သမိုင်းအထင်ကရ ဘုရားများဖြစ်သည့် ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရားတို့တွင်ရောင်းချလျှက်ရှိသည့် ဈေးဆိုင်ခန်းများ၊ ဈေးသည်များအား စည်းစနစ်ကျစွာ ရောင်းချနိုင်ရေးအတွက် ဈေးရောင်းချရာတွင် ရှေး ဟောင်းဘုရားများထိခိုက်နိုင်သည့် ဈေးရောင်းချမှုများ၊ ရှေးဟောင်းဘုရားများ မြင်ကွင်းကွယ်စေမည့် ဈေးရောင်းချမှုများ၊ ဘုရားဖူးလာရောက်သူများ စိတ်အနှောက်အယှက်ဖြစ်စေမည့် ဈေးရောင်းချမှုများနှင့် ဒေသခံပြည်သူများ ဈေးရောင်းချရာတွင် ရှေးဟောင်းအဆောက် အအုံများထိခိုက်စေမည့် ဈေးရောင်းချမှုများမရှိစေရန်နှင့် ဈေးဆိုင်ခန်းများ ရှေးဟောင်းဘုရားများဝင်းအပြင်ဘက် ဆောက်လုပ်ရာတွင် စနစ်တကျရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းအား ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ညောင်ဦးခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်သီတာထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒေါ်စိုးစိုးအေး (လက်ထောက်ညွှန်ကြားရေးမှူး)တို့ပူးပေါင်းကာ ဘုရားကြီးပြင်ဘက်၊ အတွင်း ဘက်တို့တွင် ရောင်းချလျှက်ရှိသော ပုဂံဒေသထွက် လက်ဆောင်ပစ္စည်း ရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား ဒေသထွက်ယွန်းထည်နှင့်ပုန်းရည်ကြီးများကို နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးနှင့် ပုဂံဒေသထွက်ပစ္စည်းများ နိုင်ငံတကာခရီးသွားများ ကျယ်ပြန့်စွာသိရှိဝယ်ယူအသုံးပြုနိုင်ရေး အားမြှင့်တင်ဆောင်ရွက်ရန်၊ဈေးဆိုင်ခန်းများစည်းစ နစ်တကျရှိစွာ ကြီးကြပ်ဆောင်ရွက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးနှင့်ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည့် စို့စွာပါရှိရေးတို့အတွက် ရောင်းချနေသည့်ဆိုင် ခန်းများစစ်ဆေးခြင်း၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း